Main menu

“သန်လျင်မြို့နယ်အတွင်းရှိအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များအားကွင်းဆင်း စစ်ဆေးခြင်း ”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် မေလ(၈)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သန်လျင်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း ရောင်းဝယ် ရေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ပစ္စည်းများ သိုလှောင်ထားရှိမှုမရှိစေရေး၊ ပစ္စည်းရှိသော်လည်း ရောင်းချမှုမရှိခြင်းများ မဖြစ်ပေါ်စေရေးတို့ အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနတို့ ပါဝင်သော မြို့နယ်မြေပြင် ကွင်းဆင်းကြပ်မတ်ရေးအဖွဲ့တို့သည့် အရောင်းဆိုင်များသို့ သွားရောက်၍ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ပြောကြားခဲ့ရာတွင် ဆိုင် ပိုင်ရှင်များက မိမိတို့၏ဆိုင်တွင် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိဘဲ ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချနေ ကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပြီး အိမ်ဆောက်ပစ္စည်းများအား ဈေးကွက်အတွင်း ပြန်လည်ဖြန့် ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် သိုလှောင်သိမ်းဆည်း ထားခြင်းများမပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)