
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအတွင်းရှိ ဆန် ဆိုင်များတွင် ရောင်းချလျှက်ရှိသော ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း ဆန်များအား သတ်မှတ် ရည်ညွှန်းဈေးများအတိုင်းရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးကို ပူးပေါင်း အဖွဲ့ဖြင့် မေလ(၈)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန် တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဒေသကော်မတီ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း ဆန်လက်လီ/လက်ကား ရောင်းချလျှက်ရှိသော ဆန်ဆိုင်များတွင် ရောင်းချနေသော ဧည့်မထဆန်၊ ဧရာဝတီဆန်းဆန်၊ ကြားပျံ၊ ရွှေဘိုပေါ်ဆန်းဆန်များ၏ ရောင်းဈေးနှုန်းများ ကောက်ခံခြင်း၊ သိုလှောင် ထားရှိသော ဆန်အိတ်အရေအတွက် လက်ကျန်စာရင်းများ ကောက်ခံခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးများ အတိုင်းရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိမရှိတို့အား စစ်ဆေးမှုများပြုလုပ် ရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းလျက်ရှိကြောင်းတွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များအား ဆန်များရောင်းချရာတွင် စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လစဉ်သင့်တင့် မျှတသော ဈေးကွက်ဈေးနှုန်းများအား ထုတ်ပြန်ပေးလျှက်ရှိရာ သယ်ယူ၊ သိုလှောင် စရိတ်များ အပါ သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ရောင်းချကြရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)