Main menu

ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (လ/ထကြီး ကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် (၆-၅-၂၀၂၅) ရက်နေ့ ၊  နံနက်(၁၁:၀၀) နာရီအချိန်တွင်          ဆန်ရောင်းချနေသော ဒဂုံအရှေ့မြို့နယ်အတွင်း၌ ဖွင့်လှစ်ထားသည့် ဆန်ဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရပါ သည်။

ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ မြောင်းမြပေါ်ဆန်း၊ကြားပျံ၊ဇီယာ စသည့်ဆန်များကို ရောင်းချလျက်ရှိသည်ကို စစ်ဆေး တွေ့ရှိခဲ့ပြီး ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ၊ ဆန်အရောအနှောများပြုလုပ်၍ ရောင်းခြင်း/ ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ အရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)