
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး (ခရိုင်ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် (၆-၅-၂၀၂၅)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆန်ရောင်းချနေ သော အမှတ်(၂)ဈေး၊ အရှေ့ဒဂုံ၊ တဖက်ရပ်ရုံအမှတ်(၂၈-၂၉)၌ ဖွင့်လှစ်ထားသည့် ဦးကျော်သူ ဆန်ဆိုင်သို့ သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များ၏ အသစ်/ အဟောင်းဈေးနှုန်းများမှာ ကွာခြားချက်မများပဲ ကုန်စည်ဒိုင်မှချပြထားသော သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ် ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)