စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ရွှေဘိုတက္ကသိုလ်ပါမောက္ခ ဒေါက်တာသီတာအောင်(ဥပဒေဌာန)က စားသုံးသူများအတွက် စားသုံးသူကာကွယ်ရေးဥပဒေရှိပြီး စားသုံးသူအခွင့်အရေးများကို သိရှိရန် လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက် ဆွေးနွေးဟောပြောပေးသည်အတွက် ကျေးဇူးအထူးတင်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းသိန်းမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Missionများ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားအကြောင်းများ၊ ဝက်လက်မြို့နယ် တာဝန်ခံ ဦးမျိုးအောင်မှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်မှ ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ တိုင်ကြားရာတွင် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ Onlineဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၏ လုပ်ဆောင်ချက်များ အကြောင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များအား သိရှိစုံစမ်းလိုလျှင် www.doca.gov.mm Website နှင့် DOCA Myanmar Moblie Application တွင်ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page တွင်လည်း ကြည့်ရှုနိုင်ကြောင်း၊ Consumer Call Centerများသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး၊ ဆရာ/ဆရာမ(၂၅)ဦးနှင့် လေ့လာသူ(၁၀)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူ အသိပညာပေးလက်ကမ်းစာစောင် (၁၈၅) စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)