Main menu

စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက်လိုအပ်သော စားအုန်းဆီများကို ရန်ကုန်မြို့ဆီကန်များမှ ခွဲတမ်းဖြင့်ဝယ်ယူရရှိသလို မြိတ်မြို့အတွင်း ရည်ညွှန်းစျေးများဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ မေလ(၉)ရက်နေ့တွင် ကုန်စျေးနှုန်းတည်ငြိမ်‌ရေးအဖွဲ့ဝင်များသည် မြိတ်မြို့၊ အောင်မင်္ဂလာရပ်၊ သုခလမ်းရှိ စားအုန်းဆီရောင်းချနေသောဆိုင်များသို့ သွားရောက်၍ ရည်ညွှန်းစျေးများဖြင့်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးချက်ရာတွင် စျေးနှုန်းမှန်ကန်စွာဖြင့် အလေးချိန်မှန်ကန်စွာရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)