Main menu

ပန်းတနော်မြို့နယ် ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     FDA နှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၅)ရက်နေ့တွင် အရှေ့ပိုင်းရပ်ကွက်ရှိ ဖြိုးဖြိုးဆေးဆိုင်ကိုလည်းကောင်း ၊ စွမ်းထက်ဆေးဆိုင်ကိုလည်းကောင်း၊ မြို့မဈေးအတွင်းရှိ ကိုဖြိုးဝင်းအလှကုန်ဆိုင်၊ ဘုရင်နောင်လမ်းရှိ KSY  အလှကုန်ဆိုင်၊ အောင်မြင်သူ အလှကုန်ဆိုင် (၅)ဆိုင်တို့ကိုလည်းကောင်း သက်ဆိုင်ရာမြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန ဦးဆောင်မှုဖြင့်  တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရှောင်တခင် ကွင်းဆင်းစစ် ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင်လည်း တရားမ၀င်ဆေးဝါး၊စံမညီဆေးဝါး၊ သက်တမ်းလွန် ဆေးဝါး၊ဆေးဝါးအတုများ နှင့် ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဥ်(GPP)နှင့် အညီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အလှကုန်ဆိုင်များတွင် ရောင်းချနေသော ပစ္စည်းများတွင် တားမြစ်ဓာတု ပစ္စည်းပါဝင်သော အလှကုန်များ ရောင်းချမှုရှိ/မရှိနှင့် သုံးစွဲရန်မသင့်ကြော်ငြာထားသော အလှကုန်ပစ္စည်းများ၊ ရောင်းချမှု မရှိစေရေး စစ်ဆေးခဲ့ကြကြောင်း သိရသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအရာပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ခရိုင်တာဝန်ခံက စားသုံးရန်၊ သုံးစွဲရန်မသင့်သော အစားအသောက်၊ အလှကုန်၊ ဆေးဝါးများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေး ပြောကြားခြင်း၊ စားသုံးရန်နှင့်သုံးစွဲရန် မသင့်ကြောင်းကြော်ငြာထားသော အစားအသောက်၊ အလှကုန်နှင့်ဆေးဝါးများကို ရိုက်နှိပ်ထားသော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

DOCA(ဧရာဝတီ)