
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆန်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ၏ ညွှန်ကြားမှုနှင့်အညီ ဧပြီလ(၄)ရက်နေ့၊ ညနေ (၁၆:၀၀)နာရီအချိန်တွင် ဆန်ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် စည်ပင်သာယာမြို့မဈေး အပြင်တန်းရှိ ဒေါ်လုံးလုံး ဆန်ဆိုင်၊ ဦးချမ်းသာ ဆန်ဆိုင်နှင့် ဈေးအတွင်းရှိ မိဘရိပ်ဆန်ဆိုင်၊ ကိုမြင့်ဆန်ဆိုင်၊ ဒေါ်မွှေးကြူ ဆန်ဆိုင်၊ ဒေါ်မူဆန်ဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မိမိတို့အနေဖြင့် ဈေး ကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်းဆန်၊ ကျားပျံဆန်၊ ဧရာဝတီပေါ်ဆန်းဆန် အမျိုးအစားများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာ ပေး ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်ပေးလျက်ရှိသော သင့်တင့်မျှတသည့် ဆန်ဈေးကွက်ဈေးနှုန်း သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မရှိစေရန်အတွက် ဆန်ရောင်းသူ၊ ဆန်ဝယ်သူများအား ဆန်အမျိုးအစား အလိုက် တစ်ပြည်ဈေးနှုန်း (၂၄)ပြည် တစ်အိတ်ဈေး နှုန်းအခြေအနေတို့အား စာရင်းကောက်ယူ ဈေးကွက်အတွင်း ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)