Main menu

ကော့မှူးမြို့နယ်ရပ်ကွက်များရှိဆန်ဆိုင်များအားဆန်အမျိုးအစားအလိုက်ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ၊ တွံတေး ခရိုင်၊ ကော့မှူးမြို့နယ် ရပ်ကွက်များရှိ ဆန်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်များ သို့ ဧပြီလ(၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆန်အမျိုးအစားအလိုက် ဈေးနှုန်း အခြေအနေတို့အား  ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ရတနာလွင် ဆန်ဆိုင်၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ ဦးကိုလေး ဆန်ဆိုင်များရှိ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင် ရောင်းချနေမှုရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန် ပေးလျက်ရှိသော ဆန်ဈေးနှုန်းဈေးကွက် သတ်မှတ်ရည်ညွှန်းဈေးနှုန်း ရွှေဘိုပေါ်ဆန်းဆန်၊ ကျားပျံဆန်၊ ဧရာဝတီပေါ်ဆန်းဆန် အုပ်စုများအား ဈေးနှုန်းပိုမို ဖြန့်ဖြူးရောင်းချခြင်းများ၊ ဈေးနှုန်းအခြေ အနေတို့ကို စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား ယခုလိုအချိန် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နေသည့် အချိန်တွင် စားသုံးသူပြည်သူများ၏ အခြေခံစား သောက်ကုန်ပစ္စည်းများထဲမှ အဓိကကျသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းတည်ငြိမ်မှု မရှိစေရေးနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိ ပညာပေး ပြောကြားခဲ့ပြီး ဆန်ဆိုင်နှင့်ဆန်သိုရုံများတွင် သိုလှောင်ထားမှုအခြေအနေ၊ ဆန်အမျိုးအစား အလိုက် ဆန်အိတ်လက်ကျန်တို့အား စာရင်းကောက်ယူ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)