
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၏ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေးရည်ရွယ်၍ ၂၀၂၅ခုနှစ် မေလ ၇ရက် နံနက်ပိုင်းတွင် ပြည်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းလက်လီ/လက်ကား ရောင်းချနေသော “ဘရူနိုင်း” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ “ခေတ်သစ်” အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်၊ “လှစိုးနှင့်ညီမများ” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကြီးများသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဆောင်သော ကုန်ဈေးနှုန်းတည်ငြိမ်ေ၍ရး အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ တွင်HRB-400၊ HRB-500 သံချောင်းများ၏ ဈေးနှုန်းမှာ ယခင်ထက် ဈေးအနည်းငယ်ပိုပြီး ပစ္စည်းများပြတ်လပ်မှုမရှိကြောင်း၊ U Bean, Angel Bar,H Bean များနှင့် သွပ်ပြားအမျိုးမျိုးတို့မှာ သိသိသာသာဈေးနှုန်းပြောင်းလဲမှုမရှိပဲ ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ ဘိလပ်မြေ တံဆိပ်အမျိုးမျိုးအနေဖြင့် ဈေးကွက်အတွင်း ပစ္စည်းများပြတ်လပ်နေပြီး ရန်ကုန်မှ အဝင်မရှိကြောင်း ကွင်းဆင်း စိစစ်တွေ့ရှိခဲ့ရာ ပြည်ခရိုင်အတွင်း ဈေးကွက်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများအား ဈေးနှုန်းများ အဆမတန်မြှင့်တင် ရောင်းချမှု မရှိပါကြောင်းနှင့် ဘိလပ်မြေအိတ်များသာ ဈေးကွက်အတွင်း ပစ္စည်းများပြတ်လပ်မှုရှိနေကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)