
စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၁၁) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပေါင်းတလည်စည်ပင်ဈေးရှိ သောက်ရေသန့် ရောင်းချသည့် စတိုးဆိုင်များနှင့် ဘူးသွပ်စားသုံးဆီရောင်းချသည့် အရောင်းဆိုင်များအားလည်းကောင်း၊ ရွှေတောင် မြို့နယ် တည်ကုန်းတောင်ပိုင်း ရပ်ကွက်အတွင်းရှိ သောက်ရေသန့် ရောင်းချသည့် ဆိုင်များသို့ လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်ဈေးအတွင်းရှိ သောက်ရေသန့် ရောင်းချသည့် ဆိုင်များနှင့် ဘူးသွပ်စားသုံးဆီ အရောင်းဆိုင်များသို့ လည်းကောင်းသက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)