Main menu

ပြည်ခရိုင်အတွင်း ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

     စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၁၁) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ နဝဒေးရပ်ကွက် တိုးချဲ့စက်မှုဇုံလမ်းရှိ “TMS” သောက်ရေသန့်လုပ်ငန်း၊ ရွာဘဲရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ “ခြစ်သည်” ဒိန်ချဉ်နှင့် ရွှေရင်အေးလုပ်ငန်း၊ ရွှေကူရပ်ကွက် ဆေးရုံလမ်းတိုရှိ “ခြင်္သေ့မင်း” အမှတ်တံဆိပ် တိုင်းရင်းဆေးထုတ်လုပ်ရောင်းဝယ်သည့်လုပ်ငန်း၊ အမှတ်(၃၄၅)နဝင်း(၁၂)လမ်းရှိ “Sun Power” ဖျော်ရည်မျိုးစုံလုပ်ငန်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ်(၄)ရပ်ကွက် အထကကျောင်းအနီးရှိ ဒေါ်ဆိတ်မဣစ္ဆိတံနှင့် မုန့်ကြိုးလိမ်လုပ်ငန်းသို့ လည်းကောင်းသက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက် မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည် များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)