Main menu

ဆန်နှင့်ဆီစျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်တွင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(၈)ရက်နေ့တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ် စည်ပင်သာယာစျေးသို့သွားရောက်၍ စားအုန်းဆီများနှင့် ဆန်များကို စျေးနှုန်းမြင့်တင်ရောင်းချမှုမရှိ‌ စေရေးကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်းရောင်းချနေခြင်းရှိ/မရှိ၊ အလေး အချိန်မှန်ကန်စွာဖြင့် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချနေရှိ/မရှိနှင့် စျေး ကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်း ရရှိပါသည်။

DOCA(တနင်္သာရီ)