Main menu

သာယာဝတီခရိုင်အတွင်း အချိုရည်ရောင်းချသောဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ယခုအချိန်ကာလသည် အလှူအတန်း ပေါများပြီး ရဟန်းရှင်လူပြည်သူအများ အချိုရည်သုံးစွဲမှု ပမာဏအများဆုံးအချိန်ဖြစ်ပြီး ဈေးကွက် အတွင်းအချိုရည်မျိုးစုံ အရောင်သွက်သည့် အချိန်အခါဖြစ်သဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစွာစားသုံးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အထွေခွေအုပ်ချုပ်ရေးဌာန၊ကျန်းမာရေးဌာန၊ရဲတပ်ဖွဲ့မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော  ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ အုတ်ဖိုမြို့နယ်အတွင်းအချိုရည်ရောင်းချသော ဆိုင်များသို့သတ်မှတ်  ထားသောကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိသက်တမ်းလွန်ရောင်းချခြင်းများကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)