Main menu

ဒေသကြက်မွေးမြူရေးကွင်းဆင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ် ကန်တစ်ရာတွင် ၅.၃.၂၀၂၅ ရက် နေ့မှစတင်၍ ဒေသကြက်များ မွေးမြူခြင်းကို စတင်လုပ်ကိုင်ခဲ့ပါသည်။

     ကြက်သားပေါက်များကို မင်းလှမြို့နယ်မှ မီးလွှတ်တစ်ကောင်လျှင် ၄၂၀၀ ကျပ်ဖြင့် ဝယ်ယူ ရပါသည်။ခြံတစ်ခြံလျှင် အကောင်၂၀၀၀ထည့်၍ (၂) ခြံမွေးမြူပါသည်။အစာကျွေးရာတွင်ကြက်ငယ် စာ(၁)အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှင့် ၁လကျွေးရပါသည်။၂လသားတွင် ကုမ္ပဏီအစာနှင့်ဆန်ကွဲ   ဖောက်ပြီးကျွေးရပါသည်။

      ၃လခွဲ၄လမွေးမြူပြီးပါက ၆၀ ကျပ်သားအရွယ်တွင် ရောင်းတန်းဝင် ဒေသကြက်များရရှိပြီး ရောင်းချနိုင်ကြောင်း သိရှိရပါသည်။

     နောက်ဆုံးဒေသသကြက်ခြံတစ်ခြံထွက် အစာစုစုပေါင်း ကုန်ကျစရိတ်မှာ ၄၈သိန်းကျော်ဖြစ်  ပြီးကြက်ပေါက် ၁ကောင်လျှင် ၄၂၀၀ ကျပ်ဖြင့် အကောင် ၄၀၀၀လျှင် ၁၆၈ သိန်းခန့်ရှိပါသည်။ ကြက်အကောင် ၄၀၀၀မွေးလျှင် ၁၀၀၀ခန့် အသေအပြောက်ရှိပါသည်။ဆေးကုသမှု့နှင့်အထွေထွေ ကုန်ကျစရိတ်မှာ ၃၅သိန်းရှိကြောင်း ကြက်ခြံစောက်လုပ်မှု့ ကုန်ကျစရိတ်မှာ ၆၉သိန်းခန့်ရှိသဖြင့် ကြက်အကောင်ပေါက်မွေးသည်မှ ရောင်းချမည့်အချိန်အထိ စုစုပေါင်းခန့်မှန်းကုန်ကျစရိတ်မှာ ၃၂၀  သိန်းကုန်ကျပါသည်။ကြက်တစ်ပိဿာလျှင် လက်ရှိဒေသပေါက်ဈေးအရ ၁၈၀၀၀ကျပ်ဖြစ်ပြီး မွေးမြူထားသောကြက်မှာ ရက်မပြည့်သေးသဖြင့် ရောင်းချခြင်းမရှိသေးသောကြောင့်အကျိုးအမြတ် ခန့်မှန်း၍မရသေးကြောင်းနှင့် ဒေသကြက်များကို လက်ပံတန်းဒေသနှင့် ရန်ကုန်သို့တင်ပို့ရောင်းချ မည်ဖြစ်ကြောင်း အလုပ်သမားများမှာ သမအသင်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)