Main menu

ဓနုဖြူမြို့နယ် ရေတွင်းကုန်းဘုန်းတော်ကြီးကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

               ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် ၂၃.၆.၂၀၂၂ နေ့ (၁၀:၃၀)အချိန်တွင် ဓနုဖြူမြို့နယ် ရေတွင်းကုန်းဘုန်းတော်ကြီးကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

                  အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမငိးစိုးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များ လုပ်ငန်းရှင်များလေးစားလိုက်နာရမည့် အချက်များ၊ ကုန်အညွှန်း အမှတ်အသား များအကြောင်းနှင့် စားသုံးသူများ ကုန်စည်ကိုဝယ်ယူရာတွင် စိတ်ကျေနပ်မှု မရှိခဲ့လျှင် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုက်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာသို့လည်းကောင်း၊ Consumer Call Center  1535 သို့လည်းကောင်း၊ DOCA Myanmar Mobile App တို့ပါသော Consumer Complaint System များဖြင့်လည်း တိုင်ကြားနိုင်ကြောင်းတို့ကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး ပြည်သူ (၁၁၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများမှလည်း သိရှိလိုသည်များ မေးမြန်ကြ၍ မြို့နယ်ဦးစီးမှူးမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)