Main menu

သထုံမြို့နယ်၌ အန္တရာယ်ကင်း စုပေါင်းပရိတ်တရားတော်နာယူပွဲကျင်းပ

Powered by Drupal

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်များ စုပေါင်းနာယူပွဲ အခမ်းအနားကို ၈.၄.၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တက်ရောက်လာသူအပေါင်းတို့က အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ပေးကြပြီး သထုံမြို့၊ ညောင်လေးပင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပညာထံမှ သီလခံယူကြသည်။

ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လှူဖွယ်များ ဆက်ကပ်လှူဒါန်းပေးကြပြီး တက်ရောက်လာကြသည့် သံဃာတော်အပေါင်းတို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ပေးကြရာ ပရိတ်သတ် အပေါင်းတို့က ရိုသေစွာ နာယူခဲ့ကြကာ ကုသိုလ်အစုစုတို့အတွက် ရေစက်သွန်ချ အမျှဝေပေး ခဲ့ကြ‌ကြောင်း သိရသည်။

DOCA(မွန်)