Main menu

ကျိုက်လတ်မြို့နယ်ရှိ (အောင်) စက်မှုလက်မှုလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ကျိုက်လတ်မြို့နယ်မှ မြို့နယ်တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် (၂၁.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီ အချိန်ထိ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ (၂၈)လမ်းရှိ အောင် စက်မှုလက်မှုလုပ်ငန်းမှ လုပ်ငန်းရှင် ဦးအောင်ခိုင်နှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အောင် စက်မှုလက်မှုလုပ်ငန်းမှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများမှာ သံဗန်း၊ သံတံခါး၊ ဒလက်ချာလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး လက်ရှိတွေ့ကြုံရသည့် အခက်အခဲများမှာ ယခုလက်ရှိသံချောင်းဈေးနှုန်းမြှင့်တက်နေခြင်းကြောင့် အရင်းအနှီးများလာပြီး၊ထုတ် လုပ်မှုပါလျော့နည်းလာပါသည်။လက်ရှိသံချောင်းဈေးမှာ တစ်တန်(၁၈)သိန်းခန့်ဝယ်ရပြီး သံတခါးတစ် ခုကုန်ကျစရိတ်မှာ (၆)သိန်း (၅)သောင်းခန့် ကုန်ကျလျက်ရှိပြီး သံတံခါးတစ်ခုပြုလုပ်ရာတွင် သံတံခါးပြီးဆုံးသည့်အထိ (၃)ရက်ခန့်လုပ်ရပြီး၊ အလုပ်သမားတစ်ဦး၏ တစ်နေ့လုပ်ခမှာ(၁၀၀၀၀)ကျပ် ခန့်ပေးရပြီး သံတံခါးပြုလုပ်ပြီးသည့်အထိ အမြတ်ငွေ(၁၅၀၀၀၀)ကျပ်ခန့်ရရှိကြောင်း မေးမြန်းစုံစမ်း သိရှိခဲ့ရပါသည်။

          စက်မှုလက်မှုလုပ်ငန်းရှင်အ‌နေဖြင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်အခြေအနေများတွေ့ကြုံရသည့်စိန်ခေါ်မှုများအား တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပြီး အောင် စက်မှုလက်မှုလုပ်ငန်းမှထုတ်လုပ်လျက်ရှိသော သံဗန်း၊ သံတံခါး၊ ချွေလှေ့စက်၊ရေတင်စက်၊ ဒလတ်ချာ၊ လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး ထုတ်လုပ်မှု့ ၊ဖြန့်ဖြူးမှု့ ဈေးနှုန်းဈေးကွက်အခြေအနေများအား ဆွေးနွေးမေးမြန်းကာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)