
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှာ တာဝန်ရှိသူများသည် ၄-၄-၂၀၂၅ ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၈)ရပ်ကွက်နေပြည်သူ (၃၅)ဦးအား ဖိတ်ကြာ၍ စားသုံးသူကာကွယ်ရေးနှင့် အွန်လိုင်စနစ်ဖြင့် ကုန်စည် ဝယ်ယူရာတွင် စားသုံးသူအခွင့်အရေးမနှစ်နာစေရန် အွန်လိုင်မှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်ပုံတင်ပြီးသော လုပ်ငန်းရှင်များထံ ကုန်စည်ဝယ်ယူခြင်းဖြင့် အားသာချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိ က စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ရေးဆွဲဖြစ်ပေါ်လာသည့်ကို အကျယ်တဝင့်ရှင်း လင်းပြော ကြားပြီး၊ စားသုံးသူများအနေဖြင့် အွန်လိုင်း မှတဆင့် ဝယ်ယူသုံးစွဲရာတွင် လိုက်နာရမည့်အချက်များ၊ မိုဘိုင်း(သို့) အွန်လိုင်းငွေကြေး ဝန်ဆောင်မှုများ အသုံးပြုရာတွင် စားသုံးသူများအနေဖြင့် သတိပြုရမည့် အချက်များ၊ စားသုံးသူများ လိုအပ်ချက်အရ ကုန်စည်နှင့်ဝန်ဆောင်မှုကို အသုံးပြုရာတွင် အွန်လိုင်းမှ ဝယ်ယူအသုံးပြုလိုပါက အွန်လိုင်းစနစ်ဖြင့် ရောင်းချ သော Page များ အွန်းလိုင်းမှတ်ပုံတင်ပြီးစိတ်ချရသော Pageများကသာ ဝယ်ယူ အသုံးပြုရန်၊ စားသုံးသူ များအနေ ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုရာတွင် လည်းကောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်း ချသည့် လုပ်ငန်းရှင်များကြောင့် နစ်နာဆုံးရှုံးမှုရှိပါက မအူပင်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနရှိ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (CICC)သို့ တိုင်ကြား နိုင်မှုနှင့် တိုင်းဒေသ ကြီးဦးစီးမှူးရုံးနှင့် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်ရှိ Website နှင့် အခြားတိုင်ကြားနိုင်သည့် နည်းလမ်းများ ဌာန၏ လက်ရှိ လုပ်ဆောင်ချက်များ ကိုရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)