
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၈.၅.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်တွင်မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍အင်္ဂပူမြို့၊အမှတ်(၁)ရပ်ကွက်၊မြို့မစည်ပင်သာယာ ဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအားဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေး ခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိ ၊ ခွဲတမ်းရ ကုန်စုံဆိုင်များအနေဖြင့် အဆင့်အလိုက် (၂)% အမြတ်ထက်ကျော်လွန်၍ရောင်းချမှုမရှိစေရေး စစ်ဆေးခဲ့ပြီး၊ ရောင်းချမှုလက်ခံ ဘောက်ချာ များထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး ၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး စားအုန်းဆီအရောင်းဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)