Main menu

ရွိုင်ရယ်အမ်အက်စ်သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၂.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာရှိ ရွိုင်ရယ်အမ်အက်စ်သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက် ပါ/မပါနှင့် သက်ဆိုင်ရာ ဌာနများ၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ရာ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)