Main menu

ဘိလပ်မြေအရောင်းဆိုင်များ ရောင်းချနေမှုနှင့် ဈေးနှုန်း ဈေးကွက်အခြေအနေကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၉-၅-၂၀၂၅ ရက်နေ့ နံနက် (၀၉၃၀) က ပန်းတနော်မြို့နယ်အတွင်း ဘိလပ်မြေအရောင်းဆိုင်များ ဈေးကွက် ဈေးနှုန်းနှင့် ပစ္စည်းလက်ကျန်အခြေအနေများ စားသုံးသူများ လုပ်ငန်းလိုအပ်ချက်အရ အဆင်ပြေစွာ ဝယ်ယူနိုင် ရေးအတွက် ဌာန၏ လမ်းညွှန်ချက်အရ မြေပြင်ရောင်းချနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့်  မြို့နယ်စည်ပင်သာ ယာရေး အဖွဲ့နှင့်အတူ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးကိုလည်းကောင်း၊  ပန်းတနော် အနောက်ပိုင်းရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်၊ များရှိ ဘိလပ်မြေ အရောင်း ဆိုင်များတွင် ဘိလပ်မြေဈေးနှုန်း ဈေးကွက်အခြေ အနေ များ ပစ္စည်း ပြတ်လပ်မှုရှိ/မရှိ၊ မြေပြင် လက်ကျန်အခြေ အနေတို့ အား ကွင်းဆင်းလေ့လာမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရ ပါသည်။

          ဈေးကွက်အတွင်းတွင် Alpha ,ကြံ့, ဆင်မင်း ၃မျိုးသာ ရန်ကုန်မှ ဝယ်ယူရောင်းချပြီး ပစ္စည်းလက်ကျန် အနည်းငယ်သာရှိကြောင်း ယခင်ဈေး Alpha ၂၁၀၀၀/- ကြံ့ ၂၀၅၀၀ကျပ်၊ ဆင်မင်း ၂၁၀၀၀ကျပ်ဖြင့်ရောင်းချခဲ့ပြီး ဧပြီလက ဈေး ၅၀၀၀ကျပ်မြှင့်တက်သွားကြောင်း တွေ့ရှိရပြီး၊ ရန်ကုန်မှ ပစ္စည်းမှာယူ၍ မရရှိကြောင်း သိရပြီး ယခု မေလတွင် ဘိလပ်မြေဈေးနှုန်း တည်ငြိမ်လျက် ရောင်းချနေကြောင်း သိရသည်။

DOCA(ဧရာဝတီ)