Main menu

ပုသိမ်မြို့ ဦးကျော်ကျော်ဦး စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ မေလ(၉)ရက်နေ့၊  နံနက်(၁၀:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သည့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ဦးကျော်ကျော်ဦး စက်သုံးဆီဆိုင်တွင် ရောင်းချနေသော စက်သုံးဆီများ အချင်အတွယ်ပြည့်ဝမှုရှိ/မရှိ၊ သတ်မှတ် ရည်ညွှန်းဈေး အတိုင်း ရောင်းချစေရေးနှင့် မီးသတ်ဆေးဘူးများထားရှိရေး ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စက်သုံးဆီအချင်အတွယ်မှန်ကန်မှုရှိ၍ သတ်မှတ် ရည်ညွှန်းဈေးအတွင်း ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပြီး စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချရန်မှာကြားခဲ့ပါသည်။ 

DOCA(ဧရာဝတီ)