Main menu

ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မအူပင်မြို့နယ်အတွင်း ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စာ်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ဈေးကွက်စောင့်ကြပ်စစ်ဆေး ခြင်းကို ၁၂-၅-၂၀၂၅ ရက်နေ့  နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

   စစ်ဆေးရာတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စီမံရေးရာဌာနခွဲမှ စစ်ဆေးရေးအရာရျိ ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူးက လိုက်ပါဆောင်ရွက်ခဲ့ပြီး ပူးပေါင်းအဖွဲ့မှ ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ စစ်ဆေးခြင်း၊ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များနှင့် ညီ/မညီစစ်ဆေးခြင်း၊  မြို့နယ်အတွင်း ဆေးဈေးကွက်တွင် ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်ရေး၊ တရားမဝင် ဆေးပစ္စည်းများ သိုလှောင်ရောင်းချခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆေးဆိုင်များကို နေ့စဉ်ဖွင့်လှစ် ရောင်းချပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)