Main menu

ရေနံချောင်းမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား တွေ့ဆုံအသိပညာပေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မကွေး/ချောက် ခရိုင်ဦးစီးမှူး တို့သည် (၇.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၂၀)အချိန်တွင် ရေနံချောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စားအုန်းဆီဖြန့်ဖြူးရောင်းချသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

       တိုင်းဒေသကြီးဦးစီးမှူးက စားအုန်းဆီလက်လီရောင်းချသူများအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းအတိုင်း ရောင်းချရန်၊ ချိန်တွယ်ရာတွင် အလေးချိန်ပြည့်ဝစွာချိန်တွယ်ရန်၊ ရောနှောဆီ ရောင်းချခြင်းမပြုရန် အကြောင်းကိုလည်းကောင်း၊ မကွေး/ချောက်ခရိုင်ဦးစီးမှူးက စားအုန်းဆီ စျေးနှုန်းများ မြှင့်တင် ရောင်းချမှုမပြုရန်၊ ကျန်ရှိနေသေးသည့် ကျေးရွာများအား ဆက်လက်၍ ဆီပေးဝေနိုင်ရန် အကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)