
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မြို့သာယာလှပသန့်ရှင်းစေရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေးCampaign အား မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ် မသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျော ဖက်များ အစားထိုးသုံးစွဲစေရေး စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စျေးကော် မတီဝင်များပူးပေါင်းဆောင်ရွက်လျှက်ရှိရာ (၇.၄.၂၀၂၅)ရက်နေ့၊ နံနက် (၀၇:၃၀)အချိန်တွင် မကွေးမြို့၊ ကန်သာစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ကန်သာစျေးတွင် ရောင်းချလျက်ရှိသော ကုန်စည်များ၌ စားသုံးရန်မသင့် တားမြစ်ထားသောကုန်စည်များ၊ သက်တမ်းလွန်နှင့် မှိုတက်နေသောကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြမထားသောကုန်စည်များ ရောင်းချမှုမရှိစေရေးနှင့် စားသုံးဆီအမျိုးမျိုး၌ ကုန်အညွှန်းအမှတ် အသား ဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မကွေး)