
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာ အရောင်းဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခြင်းကို (၁၂.၅.၂၀၂၅)ရက်နေ့ နေ့လည်(၁:၀၀) နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ သမဝါယမဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန၊ ကျေးလက် ဖွံ့ဖြိုးရေးဌာနနှင့် စားသုံးသူရေးရာဉီးစီးဌာနတို့ ပူးပေါင်းပါဝင်သော အဖွဲ့များသည် အဆိုပါ အရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
စိုက်ပျိုးရေးသုံးပစ္စည်းဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းချသော ဆိုင်ပိုင်ရှင်များအား သက်ဆိုင်ရာဌာနက တားမြစ်ပိတ်ပင်ထားသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချ ခြင်း မပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးများ တင်သွင်း ရောင်းချရန်၊ စိုက်ပျိုးသူတောင်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် သုံးစွဲပုံအညွှန်းကို မြန်မာစာဖြင့် တိတိကျကျ ဖော်ပြထားသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာရောင်းချကြရန်၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် အချက် အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ရောင်းချခြင်းနှင့် ကုန်သွယ်ခြင်းမပြုကြရန် လိုအပ်ကြောင်း၊ သတ်မှတ်ချက်နှင့်မကိုက်ညီသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ဈေးကွက် အတွင်းတွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေအရ သော်လည်းကောင်း စားသုံးသူကာကွယ်ရေး ဥပဒေအရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(ရန်ကုန်)