
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော် မတီမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး မြို့နယ်အတွင်း ဆန်ရောင်းချမှုအခြေအနေများကို ကွင်း ဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရာ(၁၂..၅.၂၀၂၅)ရက်နေ့တွင် တောင်ဥက္ကလာ ပမြို့နယ်အတွင်းရှိ ဆန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး အရောင်း ဆိုင် (၅) ဆိုင်အား သွား ရောက် ၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များ ၊ ဆန်ဈေးနှုန်း ကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင် ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများ အ တိုင်း ရောင်းချသွားရန်နှင့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချခြင်းမပြုရန် အသိပေးဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)