Main menu

တတိယအကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံကို Virtual စနစ်ဖြင့်ကျင်းပ

Powered by Drupal

          အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ(ACCP)အနေဖြင့် တတိယအကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပါသည်။

          အဆိုပါညီလာခံတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအထွေထွေအတွင်းရေးမှူး H.E Satvinder Singh နှင့် အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ အလှည့်ကျ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်တို့က အသီးသီးအဖွင့်အမှာစကား ပြောကြားကြပါသည်။ ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးအဖွဲ့မှ လက်ထောက် အတွင်းရေးမှူး Atty.Ruth B. Catstelo က ညီလာခံ၏ ဆောင်ပုဒ်ဖြစ်သော " အာဆီယံဒေသတွင်း စားသုံးသူများအတွက် မျှတ၍အနာဂတ်အတွက်အသင့်ရှိသော စျေးကွက်တည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပါသည်။

           ထို့နောက် "အာဆီယံဒေသတွင် အားလုံးပါဝင်နိုင်မည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် အုတ်မြစ်ချခြင်း"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ "အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူအကြား အငြင်းပွားမှုဖြေရှင်းခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ "အာဆီယံဒေသတွင်း စားသုံးသူများ၏ ဆောင်ရွက်နိုင်မှုကိုအားကောင်းစေပြီး စားသုံးသူစွမ်းဆောင်နိုင်မှုမြှင့်တင်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။

           အဆိုပါညီလာခံတွင် အာဆီယံစားသုံးသူရေးရာနှင့်ပတ်သက်၍ အွန်လိုင်းမှတဆင့် လေ့လာနိုင်သော " ACCP Learning Management System (LMS) of the Online Interactive Distance Learning Tools" ကိုလည်းကောင်း၊ အာဆီယံဒေသတွင်း နယ်စပ်ဖြတ် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးစနစ်ဖြစ်သည့် " ASEAN Regional Complaint Platform" ကိုလည်းကောင်း၊ "ASEAN Sustainable Consumption Toolkit" ကိုလည်းကောင်း Launch လုပ်ခဲ့ပါသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၏ အွန်လိုင်းအသုံးပြု စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးစနစ်" Philippines Online Dispute Resolution System(PODRS) "ကိုလည်း Launch ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

           ညီလာခံသို့ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီရုံးမှ တာဝန်ရှိသူများ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှသက်ဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များတက်ရောက်ဆွေးနွေးခဲ့ကြပြီး ညီလာခံ အခမ်းအနားကျင်းပမှုအား Youtue တွင်လည်းကောင်း၊ Facebook page တွင်လည်းကောင်း တိုက်ရိုက် ရုပ်သံထုတ်လွှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)