Main menu

မော်လမြိုင်မြို့နယ်တွင် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်

Powered by Drupal

    ၁၁.၅.၂၀၂၅ ရက်နေ့ ကဆုန်လပြည့်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြုလုပ်သော ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တက်ရောက်ခဲ့ပြီး ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ရန် မဟာဗော်ဓိပင် အရပ်လေးမျက်နှာတွင် နေရာယူခဲ့ကြပြီး နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကာ ညောင်ရေသွန်းလောင်းခဲ့ကြသည်။

   ထို့နောက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက သံဃာတော် ၃၁၅ ပါးအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြ ကြောင်း သိရသည်။

DOCA(မွန်)