Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online Virtual စနစ်ဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်(၆)မြို့နယ်နှင့်Onlineစနစ် ဖြင့် ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၉.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦး ကို လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက်လက်လာစေရန် ရည် ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို အခြေခံကျောင်းသား/သူ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ ကျေးလက်နေပြည်သူများ၊ မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များ၊ စီးပွားရေးလုပ်ငန်းရှင်များအား၊ အသိပညာပေးဆွေးနွေးခြင်း၊ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဟောပြောနိုင်ရေးကိုရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို နံနက်(၁၀:၃၀)နာရီခန့်အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးဦးဇော်မင်းက ဝန်ထမ်းများ၏ စွမ်း ဆောင်ရည်မြင့်မားလာစေရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ   အမြဲ မပြတ်    ကြိုးစားသင်ယူလေ့လာရန်   လိုအပ်ကြောင်းကို    လည်းကောင်း၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေခြင်းများအကြောင်း၊ ဝယ်ယူ သုံးစွဲခြင်းကြောင့် စားသုံးသူများနစ်နာဆူံရှုံးမှုဖြစ်ပေါ်လျှင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း ၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုင်နိုင်သည့် အခွင့်အရေးများ ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ သင်တန်းဆရာများ၏ ဆွေးနွေးပို့ချချက်များအပြီးတွင် သင်တန်းသား များမှ မရှင်းလင်းသည်များကို မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းပြောကြားခြင်းအစီအစဉ်ကို ပြု လုပ်ခဲ့ပြီး နေ့လည်(၁၂:၀၀)နာရီတွင် သင်တန်းဆင်း အခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းသို့ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

 DOCA(ဧရာဝတီ)