Main menu

ဇလွန်မြို့နယ် ဘိလပ်မြေအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ မေလ (၁၀)ရက်နေ့ နေ့လည်(၁၅:၀၀)အချိန်တွင် ဇလွန်မြို့နယ်၊အဒါးလမ်း၊လမ်းမတော်မြောက်ရပ်ကွက်ရှိ စားသုံးသူရေး ရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးရုံးတွင် အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဘိလပ်မြေ အရောင်းဆိုင်လုပ်ငန်းရှင်(၉)ဦးနှင့် တွေ့ဆုံ၍  အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မိတ်ဆက်စကားပြောကြားခဲ့ပြီး၊  ဈေးကွက် အတွင်း ရောင်းချလျက်ရှိသော ဘိလပ်မြေအိတ်များ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ‌ရောင်းချနိုင်ရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မြို့နယ်တာဝန်ခံမှ လက်ရှိ စစ်ဆေးဆောင်ရွက် ခဲ့သည့်အခြေအနေများအား ရှင်းလင်းခဲ့ပြီး၊ လုပ်ငန်းရှင်များမှ ဝန်ခံကတိ လက်မှတ် ရေးထိုးကာ နေ့လည် (၁၆:၃၀)အချိန်တွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)