Main menu

ကံမမြို့တွင် စက်သုံးဆီဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် ‌(၉-၄-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄း၃၀)အချိန်တွင် ကံမမြို့နယ် ကျွန်းကလေးအုပ်စု၊ ကျွန်းကလေးကျေးရွာ၊ ဦးကျော်ခိုင်မိုး(ဆယ်စုသစ်) စက်သုံးဆီဆိုင်သို့ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်၌ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံမှ သုံးစွဲသူပြည်သူများ စက်သုံးဆီဝယ်ယူမှု အဆင်ပြေစေရေး၊ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ(PPRD)မှ အခြေခံသတ်မှတ်ရည်ညွှန်းဈေးထက် ပိုမို ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး၊ နေ့စဉ်ရောင်းချဖြန့်ဖြူးနေသည့် စက်သုံးဆီဈေးနှုန်းများအား အများပြည်သူ မြင်သာ အောင်သိရှိစေရန် (LED Board)ဖြင့် ပွင့်လင်းမြင်သာအောင် စီစဉ်ပြသထားရှိစေရေးနှင့် ယခု အချိန်တွင် စက်သုံးဆီဈေးနှုန်းများ မြှင့်တက်နေခြင်း၊ စက်သုံးဆီ ပြတ်လပ်မှုများရှိနေ သည့်အတွက် သုံးစွဲသူအများပြည်သူများ လွယ်လင့်တကူ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံးဆီ ဈေးနှုန်းများအား သတ်မှတ်ရည်ညွှန်း ဈေးထက်အဆမတန် မြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေးဆွေး နွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)