
၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့၊ နံနက်(၀၇း၀၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနား ပျံကျစျေးအတွင်းရှိ မုန့်ဖက်၊ ခေါက်ဆွဲဖက်၊ ချဉ်ဖက်အရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော မုန့်ဖက်၊ ခေါက်ဆွဲဖက်၊ ချဉ်ဖက်များတွင် စားသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် တာရှည်ခံဆေးဝါးများ ပါဝင်မှု ရှိ/မရှိ၊ ခွင်မပြုဆိုးဆေးများပါရှိမှု ရှိ/မရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Mobile lab မော်တော်ယာဥ်ဖြင့် စစ်ဆေးခြင်းနှင့် သန့်ရှင်းလတ်ဆတ်စွာဖြင့် ရောင်းချနေမှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
DOCA(တနင်္သာရီ)