
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ မေလ (၁၀)ရက် နံနက်(၉)နာရီအချိန်တွင် ဒေးဒရဲမြို့ပေါ်ရှိ စားသုံးဆီ(ဘူးဆီ) ရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးဆီ(ဘူးဆီ)ရောင်းချသည့် ကုန်မျိုးစုံဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/ မရှိ၊ FDA ထောက်ခံချက် ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် အလေးချိန် အရွယ်အစား၊ ပိဿာ/ကျပ်သား ဖော်ပြထားရှိမှုများ၊ ပါဝင်ပစ္စည်းဖော်ပြထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ပြည့်စုံစွာဖော်ပြထား သည်ကို တွေ့ရှိရသဖြင့် ဘူးဆီရောင်းချသည့် ကုန်မျိုးစုံဆိုင်ရှင်များအနေဖြင့် ယခုကဲ့သို့ ဖော်ပြထားရှိသော ပစ္စည်းများကိုသာ ဆက်လက်ရောင်းချသွားရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)