Main menu

ဘိုကလေးမြို့မဈေးအတွင်း ကုန်မျိုးစုံအရောင်းဆိုင်များရှိ သောက်ရေသန့်ဘူးများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ (၁၀.၅.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ သောက်ရေသန့်ဘူးများတွင် မြန်မာဘာသာ ကုန်အညွှန်းအမှတ် အသားနှင့် FDA ထောက်ခံချက်များ ပြည့်စုံမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များတွင် “ရွှေလင်းအိမ်”ရေသန့်၊ Ever Living  Water နှင့်၊ Love သောက်ရေသန့်၊ “မင်းမင်း” သောက်ရေသန့် ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိနှင့် FDA ထောက်ခံချက်များ ပြည့်စုံမှုရှိ/မရှိ တို့ကို ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ရာ FDA ထောက်ခံချက်များ၊ ကုန်အညွှန်းအမှတ်အသား ၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ စသည်တို့ကို ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပြီး အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း မရှိသော ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)