Main menu

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၉.၅.၂၀၂၅)ရက်နေ့နံနက်(၁၁:၃၀)အချိန် တွင်ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ် လျဉ်း၍သိကောင်းစရာများအကြောင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသည် ကုန်စည် သို့မ ဟုတ် ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့်ဝန်ဆောင်မှုရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းတွင် အားသာချက်နှင့်အားနည်းချက်ဟူ၍ ယှဉ်တွဲဖော်ပြထားပြီး၊ အားသာချက်မှာအွန်လိုင်းစနစ်ဖြင့်ဈေးဝယ်ရာတွင်ကိုယ်တိုင်သွားရောက်ဝယ်ယူရန်မလိုဘဲအင်တာနက်ရရှိသည့်မည်သည့် နေရာမှမဆို အချိန်မရွေးဝယ်ယူနိုင်ခြင်း၊ မိမိလိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည် ကို အွန်လိုင်းဆိုင်များမှ ပိုမိုရွေးချယ်နိုင်ခြင်း၊ ဈေးနှုန်းသုံးသပ်နိုင်ခြင်း၊ အခြားဝယ်ယူသူများ၏ သုံးသပ် ချက် များ၊ သတ်မှတ်ချက် များအားဝင်ရောက်ကြည့်ရှု၍ ဝယ်ယူရာတွင် အထောက်အကူဖြစ်စေခြင်း၊ အချိန်ကုန်သက်သာစေခြင်း၊ အိမ်/ကားဂိတ် အရောက်ပို့ဆောင်သည့် စနစ်ပါရှိခြင်းကြောင့် အချိန်မကုန် စေဘဲ အလွယ်တကူဝယ်ယူ ရရှိနိုင်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အွန်လိုင်းဈေးဝယ်ယူခြင်း ၏အားနည်းချက်အနေဖြင့်ပို့ဆောင်သည့် စနစ်ပါဝင်ခြင်းကြောင့် အပိုကုန်ကျစရိတ်ရှိခြင်း၊ အချိန်လိုအပ် ချက်ရှိခြင်း၊ အစားထိုးလဲလှယ်မှုများ၏ လုပ်ငန်းစဉ်ရှုပ်ထွေးမှုရှိနိုင်ခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုဆိုင် ရာ အချက်အလက်များ လိမ်လည် ဖော်ပြခြင်း၊ ငွေပေးချေမှုဆိုင်ရာအချက်များချိုးဖောက်ခံရနိုင်ခြင်း၊ တရားမဝင်သောအွန်လိုင်းများမှလိမ်လည်မှုခံရနိုင်ကြောင်း၊အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထား  ရာတွင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် လျှောက်လွှာပုံစံ၊ မှတ်ပုံတင်လက်မှတ်ပုံစံ၊ မှတ်ပုံတင်ကြေး နှင့် အွန်လိုင်းဝန်ဆောင်ခတို့ကို သတ်မှတ်ထားပြီး၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆို အွန်လိုင်းမှတ် ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရအရေးယူခံရမည်ဖြစ်ကြောင်း၊  စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)