
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့်အဖွဲ့များနှင့် ပူးပေါင်း၍ (၁၀-၅-၂၀၂၅) ရက်နေ.တွင် လမ်းမတော်မြို့နယ်အတွင်းရှိ ဆန်ဆိုင်(၅)ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှစိုးက ဆိုင်အတွင်း ရောင်းချနေသော ဆန်များ၏ ၁ပြည်၊ ၁အိတ် ရောင်းချသည့်ဈေးနှုန်းများစစ်ဆေးခြင်းနှင့် မေလ အတွင်း မြန်မာနိုင်ငံဆန်စပါးအသင်းက သတ်မှတ်ထားသော ရည်ညွှန်းဈေးပေါ် ၈ ရာခိုင်နှုန်း အမြတ် တင်ရောင်းချမှု အခြေအနေတို့ကို မေးမြန်းခြင်း သဘာဝဘေးအန္တာရာယ်များ ကို အကြောင်းပြု၍ ဆန်ဈေးနှုန်းများကို ဈေးမြှင့်တင်ရောင်းချခြင်းမပြုရန် စားသုံးသူပြည်သူများ အခက်အခဲမရှိ ဝယ်ယူစား သုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)