
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲ တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၂.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်ရှိ “MOON SUN (မှော်ဘီ)” စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မရမ်းတလင်းကွင်း၊ (၁)ရပ်ကွက်၊ သရက်ညိုကုန်း ကျေးရွာရှိ “MOON SUN (မှော်ဘီ)” စက်သုံးဆီအရောင်းဆိုင်သို့ ဦးဇော်မျိုးထွန်း၊ ဉီးစီးမှူးမှ စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်အား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချရန်၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ရောင်းချနေသော စက်သုံးဆီအမျိုးအစားများကို အချိန်အတွယ်ပြည့်ဝစွာရောင်းချကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)