
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၄.၅.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ဖြစ်သည့် စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်း စသည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးချက် ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများ၊ ဥပဒေပါတားမြစ်ချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်သာ ရောင်းချရေး အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)