Main menu

“အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေး”

Powered by Drupal

   ၁၃.၅.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)အချိန်မှစ၍ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှု အောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်းများသည် မှော်ဘီမြို့နယ်၊ မြို့မဈေးသို့ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပါသည်။

   ထိုသို့ဆွေးနွေးရာတွင် မြို့မဈေးမှ ဈေးတာဝန်ခံ ဉီးဝေလင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဉီးစီးဌာနမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူ အဓိပ္ပါယ်၊ အခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်အချက်များကိုလည်းကောင်း၊ အွန်လိုင်းမှဝယ်ယူခြင်းအတွက် အားသာချက်/အားနည်းချက်များ အွန်လိုင်းရောင်းချမှုလုပ်ငန်း နှင့်စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များအား ပြောကြားပြီး ဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင်လည်း တိုင်ကြားနိုင်သည့်နေရာများနှင့် ဖြေရှင်း ဆောင်ရွက်ပေးမည့်နည်းလမ်း(၂)မျိုးအား ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ စားသုံးသူ (၁၅)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၁:၄၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)