Main menu

ဈေးကွက်အတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုးဈေးကွက်စောင့်ကြည့်

Powered by Drupal

   ၁၃.၅.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)အချိန်မှစ၍ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှု အောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ(၂)ဦးတို့သည် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ ပြည်လမ်းရှိ Mini Market ဆိုင်များသို့ သွားတိုက်ဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ စစ်ဆေးခဲ့ရာတွင် ပြည်လမ်းပေါ်ရှိ  Mini Market ဆိုင်များတွင် သွားတိုက်ဆေး အမျိုးမျိုးအား ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားကြောင်း၊ ထောက်ခံချက်များလည်းပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဌာနမှ  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)