Main menu

ရွှေပြည်သာမြို့နယ်ရှိ ဆန်ဆိုင်နှင့်ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၁၃.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သောအဖွဲ့များသည် ဆန်နှင့်ဆန်သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆန်လက်လီ/လက်ကားရောင်းချ လျက်ရှိသော ဆိုင်များနှင့်ဆန်သိုလှောင်ရုံများသို့ သွားရောက်ခဲ့ပြီး ဆန်သိုလှောင်ရုံများအား မြန်မာ့ ဆန်စပါးအွန်လိုင်း(MyRo)တွင် မှတ်ပုံတင်ထားမှုရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှု မဖြစ်ပေါ်စေရေး စစ်ဆေးခဲ့ပြီး ဆန်ဆိုင်များအနေဖြင့်လည်း ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်နှင့် ဆန်များကို အရောအနှောကင်းစွာ ရောင်းချရန် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လိုက်နာဆောင်ရွက်မှုများ မရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)