Main menu

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        (၁၃.၅.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဉီးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မြို့နယ်ကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ မြို့နယ်ကိုယ်စားလှယ်၊ စက်မှုဇုန် စီမံခန့်ခွဲရေးရုံးမှ ဒုရုံးအဖွဲ့မှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ သိုလှောင်ရုံ(၈)ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဉီးအောင်ဘော်မှ တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်မှုရှိလျှင် MyRo တွင် မှတ်ပုံတင်ပြုလုပ်ကြရန်နှင့် မသမာသောနည်းလမ်းဖြင့် ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)