
ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ UAPPT ဆားမလောက် (စုပေါင်းလယ်ယာဆန်စက်) သိုလှောင်ထားသောဆန်/ ဆန်ကွဲ အခြေအနေများ၊ ပြည်ပတင်ပို့နိုင်မှု အခြေအနေများ မြေပြင်သိုလှောင်မှုအခြေအနေများကို စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ အဖွဲ့စုံဖြင့် ၂၀၂၅ခုနှစ် မေလ ၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိမီဇင် ဒု-ဦးစီးမှူး လိုက်ပါပူးပေါင်း စစ်ဆေးခဲ့ပြီး UAPPT ဆန်စက်တာဝန်ရှိသူနှင့်အတူ သိုလှောင်ရုံအခြေအနေများကို ကြည်ရှုစစ်ဆေးပြီး ဆန်/ ဆန်ကွဲသိုလှောင်ထား ရှိမှုမြေပြင်အမှန်တကယ်အခြေအနေများ၊ ပို့ကုန်ဝင်ငွေဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/ မရှိ၊ သိုလှောင်ရုံ ရထုတ်ကျန်၊ ကုန်ကိုက်ညီမှု ရှိ/မရှိကို ကြည့်ရှုခြင်း၊ ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ထားရှိမှု၊ ဆန်စက်မှကြိတ်ခွဲပြီး ဆန်များကို ပြည်တွင်းဈေးကွက်ရောင်းချခြင်းရှိပါက အွန်းလိုင်းရောင်းချမှုလုပ်ငန်းနှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်မှုအခြေအနေများအကြောင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
DOCA(ဧရာဝတီ)