Main menu

ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးနေသော ကြယ်တာရာပန်း စိုက်ပျိုးထွက်ရှိမှုနှုန်း ဈေးကွက်ဈေးနှုန်း တောင်သူအကျိုးအမြတ် အခြေအနေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လင်းလွန်းပင် ကျေးရွာအုပ်စု၊ ပုဇွန်ချောင်းကျေးရွာ၊ ဓနုဖြူမြို့နယ်တွင် ကြယ်တာရာပန်းကို ဦးမြဆိုင်၏ ခြံမြေ ၀.၅၀ ဧက တွင် စိုက်ပျိုးထားကြောင်း သိရသည်။ ဓနုဖြူမြို့နယ်တွင် လယ်မြေသီးနှံများ စိုက်ပျိုးကြသလို ခြံမြေဥယာဉ်များကိုလည်း စိုက်ပျိုးကြပြီး အိမ်တွင်း လက်မှုလုပ်ငန်းများ၊ တပိုင်တနိုင်မုန့်လုပ်ငန်းများ စသည်တို့လုပ်ကိုင်ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

     စိုက်ပျိုးနေသော ဦးမြဆိုင်ခြံမြေတွင် ကြယ်တာရာပန်းကို နှစ်စဉ်စိုက်ပျိုးပြီး ပန်းမျိုးကို ရန်ကုန်တိုင်း ဒေသကြီး အဖျောက်မြို့နယ်မှာ မှာယူစိုက်ပျိုးသည်။ ပန်းမျိုး အပင်ပေါက် တစ်ပင်ကို ၅၀ကျပ်ဖြင့် ဝယ်ယူရပြီး စိုက်ဧကတွင် အပင်ရေ (၅၀၀၀)စိုက်ပျိုးထားကြောင်း စိုက်ပျိုးသူ ဦးမြဆိုင်ကပြောပြသည်။ ကြယ်တာရာပန်းကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး တပေါင်းလတွင် ထွက်ရှိသည်။ ပန်းထွက်ရှိမှု အနေဖြင့် တစ်နေ့ကို ၃၀၀-၄၀၀ ခန့်ခူးရပြီး ရက် ၂၀ရက်အတွင်း အပြီးခူး၍ ပန်း ၈၀၀၀ခန့် ထွက်ရှိသည်။ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် စိုက်ဧက ၀.၅၀ဧကတွင် ၄၀၀၀၀၀/-ကုန်ကျကြောင်းသိရသည်။

          ဈေးနှုန်းအနေဖြင့် ကြယ်တာရာပန်းကို ၁ပင်ကို ၂၀၀ကျပ်လက်ကားဈေးဖြင့် ရောင်းချပြီး တစ်နေ့ကို အပင်ရေ ၄၀၀ခန့် ထွက်ရှိသဖြင့် ရက်၂၀ ခူးရသောကြောင့် ငွေကျပ် ၁၆၀၀၀၀၀/-ကျပ်ရရှိရ စိုက်ပျိုးသူအနေဖြင့်  ငွေကျပ် ၁၂၀၀၀၀၀/- အကျိုးအမြတ်ကျန်ရှိကြောင်း သိရသသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်းရောင်းချပြီး ညောင်တုန်း၊ ပန်းတနော်၊ ဟင်္သတမြို့နယ်ဘက်သို့ တင်ပို့ရောင်းချကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

DOCA(ဧရာဝတီ)