Main menu

မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ရုံးချုပ်၏ ငလျင်ဘေးဆိုင်ရာအသိပညာပေးခြင်း ကို ဝန်ထမ်းများ ရှင်းလင်းခြင်း ဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်းများ ၂၀၂၅ခုနှစ် ၁၂ ရက်နေ့ နေ့လည် ၁၃၀၀နာရီအချိန်က ငလျင်ဘေးဆိုင်ရာအသိပညာပေးခြင်း လုပ်ငန်းကို ရှင်းလင်းဟော ပြောဆွေး နွေးခဲ့ကြောင်း သိရသည်။

   ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ငလျင်ဘေးဆိုင်ရာအသိပညာပေးခြင်း ကို ဒေါ်သင်းသင်းထွေး ဒု-လက်ထောက်ကြီးကြပ်ရေးမှုးမှ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ငလျင်အခြေအနေအကြောင်း ၊ ငလျင်ဘေးအတွက်ကြိုတင်ပြင်ဆင်ရန်အခြေအနေများ ကိုလည်းကောင်း၊ ဒေါ်အေးမြနန္ဒာ အငယ်တန်းစာရေးမှ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရမည့်အချက်များ၊ ငလျင်လှုပ်နေစဉ်ရှောင်ရှားရမည့်အချက်များ၊ ဒေါ်အိအောင်ဟိန်း အငယ်တန်းစာရေးမှ ငလျင်လှုပ်ပြီးနောက်ပြုလုပ်ရန်အချက်များအကြောင်း၊ ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူးက ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သောအချက်အျားအကြောင်း၊ ဒေါ်သဇင်ဦး ဒု-ဦးစီးမှူးက မြန်မာနိုင်ငံ ငလျင်ဇုန်ပြမြေပုံအကြောင်း၊ ဝန်ထမ်းများအားထောက်ပံ့ပေးမှု အစီအစဉ်များအကြောင်းကို တစ်ဦးခြင်း သိရှိနားလည်စေရန် ရှင်းလင်း အသိပညာပေးခဲ့ကြသည်။

    ထိုနောက် ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများသည် အထက်ဌာန၏ လမ်းညွှန်ချက်၊ မှာကြားချက်များကို လေးစားလိုက်နာစွာမှတ်သားပြီး ကျရောက်နေသော ငလျင်ဘေးသင့် ပြည်သူမျာအတွက် ကိုယ်ချင်းစာနာစိတ်ဖြင့် တက်နိုင်သလောက် ဖေးမကူညီဆောင်ရွက်နိုင်ရန်ကိုလည်းကောင်း၊ ငလျင်ဘေးဆိုင်ရာအသိပညာ များကိုလည်း မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း ၊ပတ်ဝန်ကျင်မိသားစု များအတွက်ပါ အသိ၊ သတိရှိစွာ လုပ်ဆောင်တက်ရန်ကို မှာကြားခဲ့ပြီး နမူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း ၁၀ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)