
စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရျိသူများသည် ဦးစီးဌာန၏ သတ်မှတ်ထုတ် ပြန်ထားသော ၂၀၂၄-၂၀၂၅ ဦးစားပေးကုန်စည် ၁၀မျိုးထဲမှ ပါဝင်သောဟင်းချက်ရာတွင် အမွေးအကြိုင် အဖြစ်သုံးသော ဟင်းခတ်မှုအမျိုးမျိးတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိမရှိနှင့် ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်က ပန်းတနော် မြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသော ဆိုင်(၈)ဆိုင်မှ ရောင်းချနေသည့် ဟင်းခတ်အမွေးအကြိုင် အမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသား ပါဝင်မှု ရှိ/မရှိ၊ သက်တမ်းလွန်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ၊ ဆိုးဆေးနှင့် သဘာဝအရောင်အနံ့ မရှိသော ကုန်စည်များ ကိုစစ်ဆေးခြင်း၊ တားမြစ်ဆိုးဆေးများ၊ ကြာရှည်ခံဆေးများပါဝင်သည့် စားသောက်ကုန်များသည် စားသုံးသူစားသုံးမိပါက ထိခိုက်နိုင်မည်ဖြစ်သဖြင့် ဈေးကွက်အတွင်း ရောင်းချမှု မရှိစေရန် အသိပေးပြောကြားခဲ့ပြီး ပန်းတနော်မြို့နယ်အတွင်ရောင်းချနေသော ဟင်းခတ်မှုန့်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး ထောက်ခံခွင့်ပြု ချက်များ ပါဝင်သော ကုန်စည်များကို ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)