Main menu

ပန်းတနော်မြို့နယ်တွင် ဆေးမျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ ခင်ဆောင်ထွန်း၊ အေးမေတ္တာ၊ ဦးကွမ်း၊ ချမ်းစိမ့် ဆေးအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်ညီ/မညီ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို တိုင်းရင်းဆေးပညာဦးစီးဌာနဌာနမှ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့မှ ၆-၅-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးအမျိုးမျိုး ရောင်းချမှု ရှိ/မရှိ၊ ဆေးဝါးများ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ သတ်မှတ်ချက်များနှင့်အညီရောင်းချမှု ရှိ/မရှိ၊ လုပ်ငန်းလိုင်စင်သက်တမ်း သတ်မှတ်ချက် ကိုက်ညီမှု ရှိ/မရှိနှင့် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိ၊ မေးမြန်းစုံစမ်းပြီး ဘေးအန္တရာယ်ကင်းသောဆေးဝါများရောင်းချရန်နှင့် သက်တမ်း လွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)