
(၉-၅-၂၀၂၅) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ ဖြင့်ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ပန်းတနော်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်ကြီး (၅)ဆိုင်အား စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပန်းတနော် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ဆန်ဆိုင်ပိုင်ရှင်များကို ပြောကြားခဲ့ရာ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများရှိ/ မရှိနှင့် ဆန် သိုလှောင်မှုအခြေအနေ လက်ကျန်ဆန်အိတ် များရှိ/ မရှိ စစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံ မှတ်ပုံတင်ထားရှိမှု အခြေအနေနှင့် သတ်တမ်းတိုးထားရှိမှု အခြေအနေများ၊ လိုအပ်သည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)